Mobile Team

Mobile Team များဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ပေးမည်

၁။ မလေးရှားအစိုးရက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ၁-၆-၂၀၂၁ ရက်မှစတင်၍ တစ်နိုင်ငံလုံးသွားလာမှုအပြည့်အဝထိန်းချုပ်သည့် (Nationwide Total Lockdown) ချမှတ်ဆောင်ရွက်လျက်ရှိသဖြင် သံရုံးအတွင်း၌ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်ရောဂါကူးစက်မှု မဖြစ်ပွားစေရေး တို့အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း၊ ယာယီခရီးသွားလက်မှတ် (Certificate of Identity ) ထုတ်ပေးခြင်းများကို ခေတ္တရပ်ဆိုင်းထား ခဲ့ရပါသည်။

Mobile Team များဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း

၂။ မလေးရှားနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းလုပ်ငန်းများကို Mobile Team များဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဒေသများအလိုက် အောက်ဖော်ပြပါ တယ်လီဖုန်းအမှတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်-

(က) ကွာလာလမ်ပူမြို့ – 017 615 1469/ 017 615 4942

(ခ) ဂျိုဟိုး – 017 264 5769/ 017 264 5578

(ဂ) ပီနန်း – 017 264 5718/ 017 264 5720

(ဃ) အခြားဒေသများရှိ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းလုပ်ငန်းများကို အထက်ဖော်ပြပါ Mobile Team များဖြင့်ဆက်သွယ်ဆောင်ရွက်နိုင် ပါကြောင်း အသိပေးအပ်ပါသည်။

သံရုံး၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း

(ဇွန်လနှင့် ဇူလိုင်လအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး သွားသူများ ကိုသာလက်ခံဆောင်ရွက်ပေးပါမည်။)

၃။ မြန်မာသံရုံးအနေဖြင့် Total Lockdown ချမှတ်ထားသည့် ဇွန်လနှင့် ဇူလိုင်လအတွင်း နိုင်ငံကူးလက်မှတ် သက်တမ်းကျော်လွန်သူများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံကူးလက်မှတ်သတ်တမ်း ကျော်လွန်ခဲ့သူများအနေဖြင့် www.meklonlineappointment.com ၌ online appointment ရက်ချိန်းရယူ၍ သက်တမ်းတိုးခြင်းလုပ်ငန်းများကို ၉-၈-၂၀၂၁ ရက်မှစတင်၍ သံရုံး၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။ ယာယီ ခရီးသွားလက်မှတ် စီအိုင်( Certificate of Identity )ကိုလည်း လေယာဉ်လက်မှတ်ရရှိနိုင်မှုအပေါ် မူတည်၍ အကန့်အသတ်ဖြင့် ထုတ်ပေးသွားပါမည်။ မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ရက်ချိန်း ရယူသည့်လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်ထားပါသဖြင့် ကိုယ်တိုင်ကြိုးစား ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ online appointment ရက်ချိန်းရယူရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက တယ်လီဖုန်းအမှတ် – 0173302991 သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်