Mobile Team

Mobile Team များဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်ပေးမည် ၁။ မလေးရှားအစိုးရက ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ၁-၆-၂၀၂၁ ရက်မှစတင်၍ တစ်နိုင်ငံလုံးသွားလာမှုအပြည့်အဝထိန်းချုပ်သည့် (Nationwide Total Lockdown) ချမှတ်ဆောင်ရွက်လျက်ရှိသဖြင် သံရုံးအတွင်း၌ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ကိုဗစ်ရောဂါကူးစက်မှု မဖြစ်ပွားစေရေး တို့အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း၊ ယာယီခရီးသွားလက်မှတ် (Certificate of Identity ) ထုတ်ပေးခြင်းများကို ခေတ္တရပ်ဆိုင်းထား ခဲ့ရပါသည်။ Mobile Team များဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း ၂။ မလေးရှားနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံသားများ၏ အကျိုးကိုရှေးရှု၍ နိုင်ငံကူးလက်မှတ် သက်တမ်း တိုးခြင်းလုပ်ငန်းများကို Mobile Team များဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဒေသများအလိုက် အောက်ဖော်ပြပါ တယ်လီဖုန်းအမှတ်များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်- (က) …

Mobile Team Read More »